Baghead (2024)
Baghead (2024)
အသစ်စက်စက်
ဇာတ်လမ်းကို စဖွင့်ထားတာကတော့ နေစရာမရှိလို့
သူငယ်ချင်းနဲ့အကူအညီကို ရယူနေရတဲ့ အိုင်းရစ်စ် ဆိုတဲ့
အိမ်ခြေရာမဲ့ကောင်မလေးနဲ့ပါ...
တစ်နေ့မှာတော့ သူ့အဖေ ဆုံးသွားလို့ အလောင်းကို
အတည်ပြုပေးဖို့ဆိုပြီး အဆက်အသွယ်ရလာပါတယ်...
နေစရာမရှိတဲ့အချိန်မှာ သူ့အဖေရဲ့ ပိုင်ဆိုင်မှုဆိုတာကို
ကြည့်လိုက်တော့ အရက်ဆိုင်ဖွင့်ခဲ့တဲ့ ရှေးဟောင်း
အဆောက်အဦကြီး ဖြစ်နေပါတော့တယ်...
အဲဒါကြောင့် ဝမ်းသာအားရနဲ့ မကြာခင်မှာတင် သူ့အဖေရဲ့
အရက်ဆိုင်ဟောင်းမှာ စနေဖြစ်ခဲ့ပါတယ်။
သူမသိခဲ့တာက အမွေလွှဲပြောင်းစာချုပ်မှာ
ဒီအဆောက်အအုံကို လက်လွှဲယူပါတယ်ဆိုပြီး
လက်မှတ်ထိုးမိလိုက်တာနဲ့ ပြန်လှည့်လို့မရတဲ့
လမ်းကိုလျှောက်ပြီးသား ဖြစ်သွားပြီဆိုတာပါပဲ...
အဲဒါရဲ့ အကြောင်းရင်းကတော့ အဆောက်အအုံကြီးအပြင်
မြေအောက်ခန်းမှာ ရှိနေတဲ့ ကျိန်စာသင့် စုန်းမတစ်ကောင်ကိုပါ
လက်လွှဲယူပြီးသား ဖြစ်နေလို့ပါပဲ...
ဒီစုန်းမမှာ သေပြီးသားလူတွေကို ခဏတာ ပြန်ခေါ်ပေးနိုင်တဲ့
အစွမ်းရှိပါတယ်...
အဲဒါကို တလွဲဆံပင်ကောင်း အသုံးချခဲ့တဲ့လူတွေကတော့
ဇာတ်သိမ်းမလှခဲ့ကြပါဘူး..
download
