Troll Factory (2024)

Troll Factory (2024)

Troll Factory (2024)
✔️ Crime, Drama

ဒီကားလေးကတော့ IMDB က rating 7.1အထိ ရရှိထားတဲ့ crime drama လေးပဲဖြစ်ပါတယ်

သတင်းမှားဆောင်းပါးကိုရေးတင်မှုကြောင့် ရာထူးကဆိုင်းငံ့ခံထားရတဲ့ သတင်းထောက်အင်တစ်ယောက် အွန်လိုင်းပေါ်မှာအုပ်စုဖွဲ့ပြီးမှတ်ချက်ဆိုးတွေနဲ့ လူတွေရဲ့အမြင်တွေကို ခြယ်လှယ်လွှမ်းမိုးနေကြတဲ့ အဖွဲ့အစည်းတစ်ခုရှိနေတာကို သိရှိသွားတဲ့အခါ... ‌လူတွေကိုကိုယ့်ကိုယ်ကိုသတ်သေစေရတဲ့အထိဖြစ်စေပြီး အဘက်ဘက်ကနေ လူထုရဲ့အမြင်ကိုချုပ်ကိုင်နေတဲ့ ဒီအဖွဲ့အစည်းကိုဖော်ထုတ်ဖို့ကြိုးပမ်းခဲ့ပေမယ့် တစ်ဖက်အဖွဲ့အစည်းရဲ့ အွန်လိုင်းဖိုက်တာ‌တွေကပြန်လည်တိုက်ခိုက်လာခဲ့ပြီး သတင်းထောင်အင်တစ်ယောက် ယုံကြည်နိုင်စရာမရှိတဲ့သူတစ်ဦးအဖြစ်ပြောင်းလဲခံလိုက်ရပါတော့တယ်

သတင်းထောက်အင်နဲ့ အဲဒီအဖွဲ့အစည်းတို့အပြန်အလှန်တိုက်ခိုက်ကျရင်း ဘယ်လိုလှည့်ကွက်မျိုးတွေနဲ့ ဘယ်လိုစိတ်၀င်စားစရာကောင်းတဲ့အဆုံးသတ်ဖြစ်လာမလဲ ကြည့်ရှုရအောင်ပါနော်

Review by CL


🚩🚩🚩🚩🚩🚩🚩🚩

❤️720p ကြည့်ရန်
https://t.me/rmcmmorg1/547

❤️1080p ကြည့်ရန်
https://t.me/rmcmmorg1/548


🚩🚩🚩🚩🚩🚩🚩 မှာ တိုက်ရိုက်ကြည့်လိုရပါပြီ

https://rmcmm.org/?movies=troll-factory
Oru Nodi (2024)

Oru Nodi (2024)



whatch

download

Oru Nodi (2024)

ဒီတစ်ခေါက်တော့ IMDb rating 9/10 ထိ ရရှိထားခဲ့တဲ့
အိန္ဒိယ ဇာတ်ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကတော့ 2024 မှာထွက်ရှိထားတဲ့ "Oru Nodi" ဆိုတဲ့ ရဲမှုခင်းကားလေးပါ။

Review In Comment

🚩🚩🚩🚩🚩🚩🚩🚩

❤️720p ကြည့်ရန်
https://t.me/rmcmmorg1/549

❤️1080p ကြည့်ရန်
https://t.me/rmcmmorg1/550


🚩🚩🚩🚩🚩🚩🚩 မှာ တိုက်ရိုက်ကြည့်လိုရပါပြီ

https://rmcmm.org/?movies=oru-nodi
porn star

porn star













Drag Me to Hell (2009)

Drag Me to Hell (2009)



Drag Me to Hell (2009)

မကြည့်ခင်သေးအရင်ပေါက်ပါ ရွံတတ်တဲ့သူတွေနဲ့
ကြောက်တတ်တဲ့သူတွေမကြည့်သင့်တဲ့ Horrorကားပါ
ဘာလို့ရွံတက်ရင် မကြည့်ရတာလဲဆိုတော့
မရွံတက်တဲ့မင်မင်တောင် ဇာတ်ဝင်ခန်းတစ်ခုကိုကြည့်ပြီး
ပျို့တက်လာလို့ပါနော် 

မကောင်းဆိုးဝါးအဘွားအိုကို အရှက်ခွဲမိသလို
ဖြစ်သွားတာကြောင့် အဘွားအိုရဲ့ကျိန်စာတိုက်ခြင်းကိုခံရတဲ့ မိန်းမငယ်တစ်ယောက်အလုပ်ထဲမှာရော အိမ်ထဲမှာပါ 
ဘယ်လိုခြောက်လှန့်မှုဘယ်လိုကြမ္မာဆိုးတွေနဲ့ကြုံရပြီး 
သူ့ဘဝကဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို 
စိတ်ဝင်စားဖွယ် ဒီဇာတ်လမ်းထဲမှာ ကြည့်ရှူကြရမှာပါ 👍👍👍

download

Baghead (2024)

Baghead (2024)


Baghead (2024) 

အသစ်စက်စက်

ဇာတ်လမ်းကို စဖွင့်ထားတာကတော့ နေစရာမရှိလို့
သူငယ်ချင်းနဲ့အကူအညီကို ရယူနေရတဲ့ အိုင်းရစ်စ် ဆိုတဲ့
အိမ်ခြေရာမဲ့ကောင်မလေးနဲ့ပါ...
တစ်နေ့မှာတော့ သူ့အဖေ ဆုံးသွားလို့ အလောင်းကို
အတည်ပြုပေးဖို့ဆိုပြီး အဆက်အသွယ်ရလာပါတယ်...
နေစရာမရှိတဲ့အချိန်မှာ သူ့အဖေရဲ့ ပိုင်ဆိုင်မှုဆိုတာကို
ကြည့်လိုက်တော့ အရက်ဆိုင်ဖွင့်ခဲ့တဲ့ ရှေးဟောင်း
အဆောက်အဦကြီး ဖြစ်နေပါတော့တယ်...
အဲဒါကြောင့် ဝမ်းသာအားရနဲ့ မကြာခင်မှာတင် သူ့အဖေရဲ့
အရက်ဆိုင်ဟောင်းမှာ စနေဖြစ်ခဲ့ပါတယ်။
သူမသိခဲ့တာက အမွေလွှဲပြောင်းစာချုပ်မှာ
ဒီအဆောက်အအုံကို လက်လွှဲယူပါတယ်ဆိုပြီး
လက်မှတ်ထိုးမိလိုက်တာနဲ့ ပြန်လှည့်လို့မရတဲ့
လမ်းကိုလျှောက်ပြီးသား ဖြစ်သွားပြီဆိုတာပါပဲ...
အဲဒါရဲ့ အကြောင်းရင်းကတော့ အဆောက်အအုံကြီးအပြင်
မြေအောက်ခန်းမှာ ရှိနေတဲ့ ကျိန်စာသင့် စုန်းမတစ်ကောင်ကိုပါ
လက်လွှဲယူပြီးသား ဖြစ်နေလို့ပါပဲ...
ဒီစုန်းမမှာ သေပြီးသားလူတွေကို ခဏတာ ပြန်ခေါ်ပေးနိုင်တဲ့
အစွမ်းရှိပါတယ်...
အဲဒါကို တလွဲဆံပင်ကောင်း အသုံးချခဲ့တဲ့လူတွေကတော့
ဇာတ်သိမ်းမလှခဲ့ကြပါဘူး..


download
Los Huespedes  (2024)

Los Huespedes (2024)


Los Huespedes  (2024) 



ဇာတ်လမ်းကို စဖွင့်ထားတာကတော့ နေစရာမရှိလို့
သူငယ်ချင်းနဲ့အကူအညီကို ရယူနေရတဲ့ အိုင်းရစ်စ် ဆိုတဲ့
အိမ်ခြေရာမဲ့ကောင်မလေးနဲ့ပါ...
တစ်နေ့မှာတော့ သူ့အဖေ ဆုံးသွားလို့ အလောင်းကို
အတည်ပြုပေးဖို့ဆိုပြီး အဆက်အသွယ်ရလာပါတယ်...
နေစရာမရှိတဲ့အချိန်မှာ သူ့အဖေရဲ့ ပိုင်ဆိုင်မှုဆိုတာကို
ကြည့်လိုက်တော့ အရက်ဆိုင်ဖွင့်ခဲ့တဲ့ ရှေးဟောင်း
အဆောက်အဦကြီး ဖြစ်နေပါတော့တယ်...
အဲဒါကြောင့် ဝမ်းသာအားရနဲ့ မကြာခင်မှာတင် သူ့အဖေရဲ့
အရက်ဆိုင်ဟောင်းမှာ စနေဖြစ်ခဲ့ပါတယ်။
သူမသိခဲ့တာက အမွေလွှဲပြောင်းစာချုပ်မှာ
ဒီအဆောက်အအုံကို လက်လွှဲယူပါတယ်ဆိုပြီး
လက်မှတ်ထိုးမိလိုက်တာနဲ့ ပြန်လှည့်လို့မရတဲ့
လမ်းကိုလျှောက်ပြီးသား ဖြစ်သွားပြီဆိုတာပါပဲ...
အဲဒါရဲ့ အကြောင်းရင်းကတော့ အဆောက်အအုံကြီးအပြင်
မြေအောက်ခန်းမှာ ရှိနေတဲ့ ကျိန်စာသင့် စုန်းမတစ်ကောင်ကိုပါ
လက်လွှဲယူပြီးသား ဖြစ်နေလို့ပါပဲ...
ဒီစုန်းမမှာ သေပြီးသားလူတွေကို ခဏတာ ပြန်ခေါ်ပေးနိုင်တဲ့
အစွမ်းရှိပါတယ်...
အဲဒါကို တလွဲဆံပင်ကောင်း အသုံးချခဲ့တဲ့လူတွေကတော့
ဇာတ်သိမ်းမလှခဲ့ကြပါဘူး..

download
The innkeeper (2011)

The innkeeper (2011)



The innkeeper (2011)

ဒီဇာတ်လမ်းလေးရဲ့ အကျဥ်းချုပ်ကတော့ ပိတ်သိမ်းခါနီးဟိုတယ်တစ်ခုမှာ နောက်ဆုံးတစ်ပတ်တာဝန်ကျနေတဲ့ ဝန်ထမ်းနှစ်ယောက်ရဲ့အဖြစ်အပျက်လေးပေါ့။ ကလဲနဲ့ လုခ်ဆိုပြီးရှိတယ်။ နှစ်ယောက်စလုံးက ပရလောကနဲ့ပက်သက်ပြီးတော့ဝါသနာလည်းထုံတယ် websiteဖန်တီးပြီးတော့ ငွေရှာချင်တဲ့သဘောလည်းပါတာပေါ့ ဒီလိုနဲ့ မဆက်သွယ်သင့်တဲ့အရာတွေကိုဆက်သွယ်မိတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့...။ jump scareနည်းနည်းပါတယ် အရမ်းကြောက်စရာကောင်းတဲ့သရဲကားမျိုးတော့မဟုတ်ဘူး။ တစ်ကားလုံးမှာ လုခ်ရဲ့ attitudeက entertainingဖြစ်တယ် နောက်ပိုင်းမှာ သွေးထွက်သံယိုပုံတွေပါလို့ 1 hrကျော်ရင်အစားစားရင်းကြည့်ဖို့မသင့်တော်ပါဘူး ဇာတ်လမ်းကိုအပြည့်သိချင်ရင်တော့ ကြည့်ရတာအားရမှာမဟုတ်ဘူး ကိုယ်တိုင်ဇာတ်လမ်းကိုတွေးယူရတဲ့ cliffhanger typeရုပ်ရှင်ပါ 

download
Ouija Board (2004)

Ouija Board (2004)


Ouija Board (2004)

Horror ကားကောင်းကောင်းကြည့်ချင်သူများအတွက် တင်ဆက်ပေးလိုက်ပါတယ်။
အညွန်းကတော့
ကျောင်းမှာအနိုင်ကျင့်ခံရလို သည်းမခံနိုင်တော့ပဲသရဲခေါ်ပြီးကျိန်စာတိုက်ဖို့လုပ်ကြတဲ့ကျောင်းသူလေး ၄ယောက်.
သူတိုကျိန်စာတိုက်တဲ့နာမည်စာရင်းမှာပါတဲ့ကျောင်းသူတွေတစ်ယောက်ပြီးတစ်ယောက်တစ်ပုံစံတည်း သေဆုံးသွားကြတဲ့အခါ.
သူတိုရှိတဲ့ရွာကို လုပ်အားပေးဖို့ရောက်လာတဲ့အနုပညာဆရာမအသစ်တစ်ယောက်
သူကရော ဒီရွာနဲ့ဘယ်လိုပတ်သက်မှုရှိလဲ....
သူတိုရွာမှာ လွန်ခဲ့တဲ့ နှစ် ၃၀က သူတိုကိုယ်သူတိုသတ်သေသွားကြတဲ့သားအမိနှစ်ယောက်..
သူတိုရွာရဲ့လျှိဝှက်ချက်ကရောဘာလဲဆိုတာမလွတ်တမ်းစောင့်ကြည့်သင့်တဲ့ ကိုရီးယား Horror ဇာတ်ကားကောင်းလေးပါ

download
Perempuan Bergaun Merah (2022)

Perempuan Bergaun Merah (2022)


Perempuan Bergaun Merah (2022)

Horror, Indonesia

IMDb 5.6 ရထားတဲ့ အင်ဒိုနီးရှား သရဲကားလေးဖြစ်ပါတယ်။ဒင်းနဲ့ကာရာက အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပြီးတော့ကာရာကတော့ စည်းကမ်းတင်းကြပ်လွန်းတဲ့ အမေနဲ့ အတူတူနေတဲ့သူပါ။ဒင်းကတော့ မိဘတွေမရှိတော့တဲ့နောက်ပိုင်း မောင်လေးနဲ့ နှစ်ယောက်တည်းနေပါတယ်။တစ်နေ့မှာ ကာရာရဲ့အမေ အိမ်မှာမရှိတုန်း သူတို့နှစ်ယောက် သူငယ်ချင်းတွေနဲ့အတူတူကလပ်သွားဖို့ လုပ်ကြရင်းနဲ့ ကလပ်မသွားခင် ကာရာ့အိမ်မှာ အရက်စုသောက်ကြပါတယ်။အကုန်မူးနေတဲ့အချိန် သူတို့သူငယ်ချင်းအဖွဲ့ထဲက ဝစ်စနူးက ဒင်းကို မတရားကျင့်ဖို့လုပ်တော့ ဒင်းက ကြောက်လန့်ပြီး ထွက်ပြေးသွားပါတယ်။နောက်တစ်နေ့ရောက်တော့ သူ့သူငယ်ချင်း ကာရာက လုံးဝကို ပျောက်သွားပြီး ရဲတွေလည်း ရှာလို့မရဖြစ်နေရင်း အချိန်တွေ ကြာလာခဲ့ပါတယ်။ဒီလိုနဲ့ ဒင်းရဲ့မွေးနေ့ ရောက်လာတဲ့အချိန်မှာတော့ ဝတ်စုံအနီနဲ့ မိန်းမတစ်ယောက် ပေါ်လာပြီးခြောက်လှန့်တာတွေ ဖြစ်လာခဲ့တဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ရှုကြပါစို့ 

download
We Have A Ghost (2023)

We Have A Ghost (2023)

We Have A Ghost (2023)

ကယ်ဗင်တို့ မိသားစုဟာ စီးပွားရေးအဆင်မပြေမှုတွေနဲ့အတူ ရွှေ့ပြောင်းနေထိုင်နေကြရတာပါ။
တနေ့ အိမ်သစ်ပြောင်းကြတဲ့အခါ မထင်မှတ်ဘဲ ကယ်ဗင်တစ်ယောက် သရဲတစ်ကောင်ကို စတင်တွေ့ရှိခဲ့ပါတော့တယ်။ တွေ့လျင်တွေ့ခြင်းပဲ ဖုန်းကင်မရာနဲ့ မှတ်တမ်းတင်မိခဲ့ရာက ထိုဗီဒီယိုကို အစ်ကိုကတွေ့  ပြီးတဲ့နောက် ဖခင်ဆီရောက်သွားတဲ့အခါ
သရဲကလေး အားနက်စ်ဟာ ဝင်ငွေကောင်းတဲ့ ဆိုရှယ်မီဒီယာလောကရဲ့ သားကောင်ဖြစ်လာရပါတော့တယ်
ကယ်ဗင်ကတော့ အားနက်စ်ကို သနားနေပြီး သူ့အဖေရဲ့လုပ်ရပ်တွေကို မနှစ်မြို့တာကြောင့် အားနက်စ် ကျွတ်လွတ်ရေးကိုသာ ကြံစည်နေပါတော့တယ် 
တစ်ဖက်မှာလည်း CIAမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များက ပိတ်သိမ်းထားရတဲ့ Wizard Clipဆိုတဲ့ စီမံကိန်းဟာ အားနက်စ်ရဲ့နာမည်ကျော်ကြားလာမှုကြောင့် မြုပ်ရာကနေ ပြန်ပေါ်လာပါတော့တယ်
စီမံကိန်းရဲ့ မူလရည်ရွယ်ချက်ဟာ သရဲတွေရဲ့ တည်ရှိမှုကို ရှာဖွေဖော်ထုတ်မယ် ပြီးရင် ထိန်းသိမ်းမယ် အဲ့နောက် လက်နက်အဖြစ်အသုံးပြု ရနိုင် မရနိုင် ဆန်းစစ်ကြဖို့ပဲဖြစ်ပါတယ် 
ဒါပေမယ့် စီမံကိန်းဟာ သရဲတစ်ကောင်မှ လက်ဆုပ်လက်ကိုင် မပြနိုင်တာနဲ့တင် နိဂုံးချုပ်ခဲ့ရပါတယ်  အားနက်စ်ကြောင့် တဖန်ပြန်စတင်လာတဲ့ Wizard Clipက အားနက်စ်ကို ဖမ်းမိသွားလား 

download

House of Dolls (2023)

House of Dolls (2023)

House of Dolls (2023)
Horror
Synopsis

ခြောက်ခြားဖို့ကောင်းတဲ့ အရုပ်မအိမ် လူသတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင် introမှာ လူ၂ယောက်ကို ရက်ရက်စက်စက် သတ်ပြသွားတာနဲ့ အစပျိုးထားပါတယ်။ ဇာတ်လမ်း အစကနေ အဆုံးထိ ရှယ်ကိုသတ်တာဆိုတော့ Horrorကြိုက်တဲ့လူတွေအတွက် ဇာတ်ကားကောင်းဖြစ်မှာ သေချာပါတယ်။
ပြဿနာ အကြီးကြီးဖြစ်ထားကြလို့ ဖအေတူ မအေကွဲ ညီအစ်မ ၃ယောက်ဖြစ်တဲ့ ချာလီ၊ ချားလော့၊ ဒိုင်ယာနာတို့က မခေါ်မပြောဘဲ နေနေကြပါတယ်။ တစ်နေ့မှာ သူတို့၃ယောက်ရဲ့အဖေဖြစ်သူ ဆုံးပါးသွားလို့ သူတို့၃ယောက် ပြန်လည်ဆုံတွေ့ရဖို့အကြောင်းဖန်လာပါတော့တယ်။ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့ ဖခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သမီး၃ယောက်ကို ပေါင်းစည်းပေးဖို့အတွက် အမွေပစ္စည်းတွေကို ပေးဖို့ဆိုပြီး အရုပ်မအိမ်ကို ညီအစ်မ၃ယောက်ကို ခေါ်လာခဲ့ပါတယ်။ အရုပ်မအိမ်လို့ခေါ်ရတဲ့အကြောင်းရင်းက အိမ်ကြီးကို ကလေးတွေဆော့တဲ့ အရုပ်အိမ်လိုမျိုး တည်ဆောက်ထားလို့ပါ။ ဒီအိမ်ကြီးထဲမှာ အမွေပစ္စည်းဥစ္စာတွေကို ရှာဖွေရင်း မထင်မှတ်ထားတဲ့အရာတွေဖြစ်လာတဲ့အခါမှာတော့ 👍👍👍

dowload

𝗦𝗽𝗶𝗿𝗶𝘁 𝗗𝗼𝗹𝗹 (𝟮𝟬𝟮𝟯)

𝗦𝗽𝗶𝗿𝗶𝘁 𝗗𝗼𝗹𝗹 (𝟮𝟬𝟮𝟯)


𝗦𝗽𝗶𝗿𝗶𝘁 𝗗𝗼𝗹𝗹 (𝟮𝟬𝟮𝟯)

CM ပရိသတ်ကြီး ညဘက်ကြည့်ဖို့ အင်ဒိုနီးရှား Horror ကားပါ...

အာရှသရဲကားတွေက ဟောလိဝုဒ်သရဲကားတွေနဲ့ atmosphere (အငွေ့အသက်) ရော
theme (အာဘော်) ပါ ကွဲပြားတာများပါတယ်

ကျွန်တော့်အမြင်အရဆိုရင် အာရှ horror ကားတွေ အယူအဆတွေက
ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တွေနဲ့ ပိုပြီးနီးစပ်တာမို့ ပိုပြီး ကြောက်စရာကောင်းတယ် ထင်ပါတယ်

ရုပ်ရှင်နာမည်အတိုင်းပဲ ဝိညာဥ်အရုပ်လေး တစ်ရုပ်အကြောင်းပါပဲ

ဇာတ်လမ်းအကျဥ်းကတော့...

ဒါရာ ဆိုတဲ့ နာမည်ကြီး horror queen မင်းသမီးတစ်ယောက် ရိုက်ကွင်းမှာ သုံးတဲ့ spirit doll အရုပ်လေးကို အိမ်ယူလာပါတယ်

သူ့ရဲ့ အမျိုးသားနဲ့ကွာရှင်းထားတာဖြစ်ပြီး သမီးလေးတစ်ယောက်ကတော့ အဖေအိမ်နဲ့ အမေ့အိမ်တစ်လှည့်စီ သွားနေနေရပါတယ်

သမီးလေးကလည်း အဖေ့ဆီမှာပဲ အမြဲနေချင်တာကြောင့် သားအမိနှစ်ယောက် ပြဿနာတက်ကြရင်း
တစ်နေ့ သမီးလေး လှေကားပေါ်က မတော်တဆ ကျပြီး သေဆုံးသွားပါတော့တယ်

"မိခင်သောက" အင်ဒိုဗားရှင်းကို ကျောထဲစိမ့်နေအောင် ညဘက် မီးပျက်တဲ့အချိန် စောင်ခြုံသာ ကြည့်ကြပါ 👍👍👍

download

Net I Die 2017

Net I Die 2017


Net I Die 2017

မျက်နှာလိမ်းခရင်မ်တံဆိပ်တစ်ခုကို Reviewလုပ်ပေးဖို့ ငှားရမ်းခြင်းခံရတဲ့ 
အင်တာနက်ဆယ်လီ Monicaတစ်ယောက် 
ခရင်မ်ကြောင့်မျက်နှာတစ်ခုလုံးမြင်မကောင်းအောင် စုတ်ပြတ်သွားတဲ့အခါ အရင်ကသူ့ကိုချစ်ခင်သူတွေက သူ့ကိုချိုးနှိမ်ပါတော့တယ်။
ဒီလိုနဲ့စိတ်ဆင်းရဲပြီးသတ်သေသွားတဲ့အခါ သူ့ကို ဒီလိုဖြစ်အောင်လုပ်သူတွေကို ကလဲ့စားချေပါတော့တယ်။
သူသေဆုံးသွားရတာ ဘာကြောင့်လဲ.....
ဘာကြောင့်သူ့ဘ၀ပျက်သွားတယ်ဆိုတာဖြည်းဖြည်းချင်းပေါ်ပေါက်လာပါတော့တယ် 

download
Housebound (2014)

Housebound (2014)


Housebound (2014)

"Housebound"ဇာတ်ကားလေးကတော့ ၂၀၁၄ ခုနှစ်က ထွက်ခဲ့တဲ့ horror-comedy အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းမှာ မိန်းကလေးတစ်ယောက် အမှုဖြစ်လို့ ငယ်စဥ်က နေခဲ့တဲ့အိမ်မှာ အကျယ်ချုပ်ကျပြီးနောက် သူ့နေအိမ်မှာ သရဲခြောက်နေတဲ့ အဖြစ်အပျက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Horror-comedy တွေရဲ့ ထုံးစံအတိုင်း ကြောက်တစ်လှည့်၊ ရယ်တစ်လှည့် ကြည့်နေရင်း ဇာတ်လမ်းထဲ နစ်မျောသွားအောင် ဒါရိုက်တာ Gerard Johnstone က ရိုက်ကူးဖန်တီးထားပါတယ်။ ဒီကားလေးက ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆု(၆)ခုရပြီး ဆန်ကာတင် (၂၂)ခေါက် ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်သင့်တဲ့ကားလို့ တိုက်တွန်းလိုက်ပါတယ်
download



𝗘𝘃𝗶𝗲 (𝟮𝟬𝟮𝟯)

𝗘𝘃𝗶𝗲 (𝟮𝟬𝟮𝟯)



𝗘𝘃𝗶𝗲 (𝟮𝟬𝟮𝟯)

ရှေးတုန်းက Britain နဲ့ ဗိုက်ကင်းတွေရဲ့ ဒဏ္ဍာရီလာရှေးဟောင်းပစ္စည်းတွေနဲ့ ဆက်စပ်ထားပါတယ်။

ငယ်ငယ်တုန်းက မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူတိုနီရယ်နဲ့ ပင်လယ်ကမ်းစပ်မှာ ပျော်ပွဲစားထွက်ခဲ့တဲ့ အီဗီဟာ ဆော့ကစားရင်း ရှေးဟောင်းလည်ဆွဲတစ်ခု ကောက်ရခဲ့ပါတယ်။

အဲ့လည်ဆွဲမှာ သူနဲ့ သူချစ်ရတဲ့သူတွေရဲ့ဘ၀ကို ဖျက်ဆီးမယ့် ရေနတ်ဆိုးကပ်ပါလာတာကိုတော့ မသိခဲ့ပါဘူး။

အီဗီ အဲဒီလည်ဆွဲကို ဆွဲပြီးကတည်းက သူတို့မိသားစုမှာ ကြောက်စရာကောင်းပြီး ဆိုးဝါးတဲ့အဖြစ်တွေနဲ့ ကြုံခဲ့ရပါတယ်။

အီဗီတို့ အမေလည်း သေသွားပြီး အဖေက သူတို့မောင်နှမနှစ်ယောက်ကို မကြည့်နိုင်ဘဲ မိဘမဲ့ဂေဟာကို ပို့ပစ်ခဲ့ပါတယ်။

မောင်နှမနှစ်ယောက် ကွဲကွာသွားပြီး ပြန်ဆုံတဲ့အချိန်မှာ အီဗီက ငယ်ငယ်က အဖြစ်တွေကို သိပ်မမှတ်မိပါဘူး။

သူတို့အဖေကလည်း စိတ်ကျန်းမာရေးချို့တဲ့ပြီး ဆေးရုံတက်နေရပါတယ်။

နတ်ဆိုးစွဲကပ်နေတဲ့ အီဗီက သူ့ကိုယ်သူ ကယ်တင်နိုင်မလား…

သူ့အစ်ကို တိုနီကရော အီဗီကို ဘာလို့ ပြန်ဆက်သွယ်ခဲ့တာလဲ…

အီဗီတို့မိသားစုရဲ့ကံကြမ္မာက လည်ဆွဲနဲ့ သက်ဆိုင်နေလား…
ဆိုတာ အတွေးပွားရင်း ကြည့်ရှုခံစားလိုက်ကြပါ


download

 

Gorgeous (1999)

Gorgeous (1999)


Gorgeous (1999)

မင်းသားကြီးJackieChanနဲ့Stephenchowတို့နဲ့အတူJCစတန့်အဖွဲ့ဝင်မင်းသား Brad Allanနှင့်တရုတ်ပြည်၏ထိပ်တန်းမင်းသမီးရှုကြည်တို့ပါဝင်သရုပ်ဆောင်ထားသောရုပ်ရှင်ဇတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
ထိုင်ဝမ်ပြည်နယ်အစွန်အဖျားမှာရှိတဲ့တံငါရွာလေးတစ်ရွာကမိန်းမပျိုလေး အာဘူး ဟာဟောင်ကောင်ကိုခရီးထွက်လာရင်း Recyclingကုမ္မဏီပိုင်ရှင်သူဋ္ဌေး စီအန်န်နဲ့အမှတ်မထင်တွေ့ဆုံရင်းနှီးခဲ့ရာကနေအချစ်နွံမှာလဲပြိုခဲ့ကြပြီးချစ်သူတွေဖြစ်ခဲ့ကြပြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို မစ်ဒယ်ဝိတ်တန်းလက်ဝှေ့ချံပီယံလည်းဖြစ်သော စီအန်န် ကိုသူ့ရဲ့စီးပွားပြိုင်ဘက်ဖြစ်တဲ့ငယ်သူငယ်ချင်းဟောင်းမစ္စတာဟောင်ဝိန်းလိုမှအနိုင်ယူအရှက်ခွဲလိုသည့်စိတ်ဖြင့်ပြည်ပမှကြေးစား အပျော်တမ်းလက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်သော Brad Allanကိုငှားရမ်းပြီးစီအန်န်နှင့်ယှဥ်ပြိုင်ထိုးသတ်ရန် ကမ်းလှမ်းခဲ့ရာမှProfessionalတိုက်ခိုက်ရေးသမားနှစ်ယောက်ရဲ့Boxingထိုးပွဲဖြစ်လာခဲ့ရာစီးပွားရေးတစ်ဖက်နဲ့မို့ လပေါင်းများစွာTrainingမဆင်းဖြစ်ခဲ့တဲ့ စီအန်န်တစ်ယောက်အပျော်တမ်းလက်ဝေ့ချန်ပီယံBrand Allanကို အနိုင်ယူထိုးသတ်နိုင်ပါ့မလားဆိုတာ


download

Tantra (2024)

Tantra (2024)


Tantra (2024) 



IMDb - 8.6/10

နေရာတစ်ခု အရာဝတ္ထုတစ်ခု ဒါမှမဟုတ် လူတစ်ယောက်မှာရှိတဲ့
ကောင်းတဲ့အငွေ့အသက်နဲ့ မကောင်းတဲ့အငွေ့အသက်ဆိုတာရှိပြီး
ဒါကိုလူတိုင်း အနည်းနဲ့အများတော့ ခံစားမိကြတာချည်းပါပဲ။

သိပ္ပံနည်းကျခေါ်မယ်ဆိုရင်တော့ auraပေါ့ဗျာ။ ပန်းရောင်စုံနဲ့လှပနေတဲ့ပန်းခင်းကြီးကနေ
အပြုသဘောဆောင်တဲ့auraကိုခံစားမိသလို သင်္ချိုင်းကုန်းရောက်ရင်လည်း creepy aura နဲ့
ကျောချမ်း ကြက်သီးထတတ်ကြတာပါပဲ။

အခုဒီကားလေးထဲမှာတော့ တခြားသူတွေထက် ဒီ auraကိုပိုခံစားမိနေတဲ့
ရေခါဆိုတဲ့မိန်းကလေးတစ်ယောက်အကြောင်းပေါ့။

ရေခါဟာ ငယ်စဉ်ကတည်းက မေတ္တာမရရှာတဲ့ ကောင်မလေးတစ်ယောက်၊ မွေးကတည်းက
အမေကလည်းမီးတွင်းမှာဆုံးသွားဝောာ့ အဖေဖြစ်သူကလည်း ဂြိုဟ်ဆိုးမလို့ပဲ သူ့ကိုမြင်နေတာပေါ့။
ရေခါက ညဘက်မှာ အိပ်ရင်းလမ်းလျှောက်တဲ့ရောဂါရှိပါသေးတယ်။

မေတ္တာငတ်နေရှာတဲ့ ရေခါလေးကိုမှ ချစ်မိသွားတာက

အဲဒါကတော့ ရေခါက ဝိညာဉ်တွေကိုလက်ခံနိုင်တဲ့အစွမ်းရှိနေပြီး သူ့ထဲကို ဝိညာဉ်ဆိုးတစ်ကောင်
ဝင်ရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ တေဂျာနဲ့ရေခါရဲ့အချစ်ကရော
ဒီနတ်ဆိုးဝိညာဉ်ကို အောင်နိုင်မလားဆိုတာ ရှုစားကြပါဦး 

download
Drag Me to Hell (2009)

Drag Me to Hell (2009)


Drag Me to Hell (2009)

မကြည့်ခင်သေးအရင်ပေါက်ပါ ရွံတတ်တဲ့သူတွေနဲ့
ကြောက်တတ်တဲ့သူတွေမကြည့်သင့်တဲ့ Horrorကားပါ
ဘာလို့ရွံတက်ရင် မကြည့်ရတာလဲဆိုတော့
မရွံတက်တဲ့မင်မင်တောင် ဇာတ်ဝင်ခန်းတစ်ခုကိုကြည့်ပြီး
ပျို့တက်လာလို့ပါနော် 

မကောင်းဆိုးဝါးအဘွားအိုကို အရှက်ခွဲမိသလို
ဖြစ်သွားတာကြောင့် အဘွားအိုရဲ့ကျိန်စာတိုက်ခြင်းကိုခံရတဲ့ မိန်းမငယ်တစ်ယောက်အလုပ်ထဲမှာရော အိမ်ထဲမှာပါ 
ဘယ်လိုခြောက်လှန့်မှုဘယ်လိုကြမ္မာဆိုးတွေနဲ့ကြုံရပြီး 
သူ့ဘဝကဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို 
စိတ်ဝင်စားဖွယ် ဒီဇာတ်လမ်းထဲမှာ ကြည့်ရှူကြရမှာပါ 

download
IMDb - 4.7/10

IMDb - 4.7/10


IMDb - 4.7/10


လူကြီးမင်းတို့ရဲ့ အားလပ်ချိန်မှာ စိတ်အပန်းဖြေစရာ ဟော်ရာရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ 

ဝေဖန်ရေးဆရာကြီးတွေ ဝေဖန်လေကန်ကြပေမဲ့လည်း ငွေကြေးအရ အတော်လေး အောင်မြင်ခဲ့ပြီး ပရိသတ်လက်ခံနိုင်လောက်တဲ့ ဟော်ရာကားတစ်ကားဖြစ်ခဲ့ပါတယ်။ 

ဂျက်စီကာဆိုတဲ့ ကလေးမလေးက ဖြစ်ရပ်တစ်ခုကို မေ့ဖျောက်ပစ်ဖို့ ငါးနှစ်သမီးလောက်မှာ အိမ်ပြောင်းခဲ့ရတယ်။ 

အရွယ်ရောက်လာချိန် အိမ်ထောင်ဖက်မှာ သမီးနှစ်ယောက်ပါလာခဲ့တဲ့အတွက် ကလေးတွေနဲ့ အဆင်ပြေဖို့အရေး ရုန်းကန်ကြိုးစားရင်း ကလေးဘ၀ကအိမ်ဆီကို ပြန်သွားဖို့ အကြောင်းဖန်လာပါတော့တယ်။

ဂျက်စီကာရဲ့အိမ်ကို ရောက်ချိန်မှာတော့ လင်ပါသမီးထဲက အငယ်မလေးအက်လက်စ်ဟာ မြေအောက်ခန်းကနေ ဝက်ဝံရုပ်ကလေးတစ်ရုပ်ကို တွေ့လာခဲ့ပါတယ်။ 


အဲဒီဝက်ဝံရုပ်ကလေးကတော့ ဂျက်စီကာရဲ့ ကလေးဘ၀က စိတ်ကူးယဉ်သူငယ်ချင်းဖြစ်ခဲ့ပြီး အချိန်အကြာကြီး သူ့ကို ပစ်ထားခဲ့တဲ့အတွက် ဒေါသတကြီးနဲ့ ရန်ပြုဖို့ ကြိုးစားလာတဲ့အခါမှာတော့ 

download

Behind the Line: Escape to Dunkirk (2020)

Behind the Line: Escape to Dunkirk (2020)


Behind the Line: Escape to Dunkirk (2020)

ကမ္ဘာကြီးရဲ့ အတ္ထုပ္ပတိကိုလှန်ကြည့်တဲ့အခါ
ကျွန်တော်တို့သက်တမ်းနဲ့တောင် ဖတ်မှတ်လို့မပြီးမယ့်
စိတ်၀င်စားစရာ အကြောင်းအရာတွေ အများကြီးပါပဲ။
ဒီဇာတ်လမ်းဟာ ကမ္ဘာ့သမိုင်းထဲက အရက်စက်ဆုံး
ကုန်ကျစရိတ်အများဆုံး သေကြေမှု အများဆုံး
ဒုတိယကမ္ဘာစစ်မှာဖြစ်ခဲ့တဲ့ စိတ်၀င်စားစရာဇာတ်လမ်း
တစ်ပုဒ်ပါပဲ။ 

ကြီးကျယ်တဲ့ဖြစ်ရပ်တွေတိုင်းရဲ့ အောင်မြင်မှု
ကျရှုံးမှုတွေဟာ ကောက်ရိုးမီးလို ဝုန်းခနဲထတောက်တာ
မဟုတ်ပါဘူး။ သေးငယ်တဲ့ ဓာတ်မှုန်ကလေးများစွာရဲ့
တစ်ခုချင်းဆီပေါက်ကွဲမှုတွေဟာပေါင်းဆုံပြီးမှ
မဟာပေါက်ကွဲမှုကြီးဖြစ်လာတာပါ။
ဒုတိယကမ္ဘာစစ်အကြောင်း ရိုက်ပြထားတဲ့
ရုပ်ရှင်တွေထဲမှာ The Immitation Gameလို
Dunkrikလို Saving Leningradလို
Darkest Hoursတို့လို ဖြစ်ရပ်မှန်
အခြေပြုကားကောင်းတွေရှိပါတယ်။
အဲ့ဒီရုပ်ရှင်တွေထဲကဖြစ်ရပ်ကလေးတွေ အကုန်
စုပေါင်းပြီးမှ ဂျာမနီနဲ့ မဟာမိတ်တွေကို နိုင်ခဲ့တာပါပဲ။

download




 

Monster Run 2020

Monster Run 2020



 


Monster Run 2020

2020 August လကထွက်ခဲ့တဲ့ ဇာတ်ကားလေးတကားတင်ဆက်ပေးချင်ပါတယ် မွန်းစတားလေးတွေပါဝင်တဲ့ချစ်စရာဇာတ်ကားလေးပါ

မင်းသမီးလေးကဒီကားရဲ့အဓိကဇာတ်ကောင်ပေါ့ (ကြည့်နေရင်းခင်ဝင့်ဝါနဲ့တောင်ဆင်သလိုလိုပါပဲ) ဇာတ်လမ်းအကြောင်းကတော့ လူ
တွေကြားထဲမှာ တခြားကမ္ဘာကရောက်လာတဲ့မွန်းစတားတွေဟာလူတွေမသိအောင် နေထိုင်လျက်ရှိပါတယ် မင်းသမီးလေးကတော့ငယ်
ငယ်ကတည်းကဘေးမှာမွန်းစတားတွေလိုက်ကပ်နေတာကိုခံနေရတာပေါ့ သာမာန်လူမမြင်နိုင်တဲ့ဒီသတ္တဝါတွေကိုသူတယောက်ထဲမြင်
နေရတော့ အားလုံးကရှောင်ဖယ်ခံရပြီး စိတ်ရောဂါဆေးရုံအပို့ခံရပါလေရောဆေးရုံကဆင်းပြီးနောက် စူပါမားကပ်ဆိုင်တဆိုင်မှာ အလုပ်
ဝင်လုပ်နေခဲ့ပါတယ် ဒီလိုနဲ့တညမှာ သူတို့ဆိုင်ကိုမွန်းစတားဖမ်းဖို့ဆိုပြီး ဆရာတစ်ဦးရောက်လာတာကနေသူ့ဘဝအပြောင်းအလဲစတင်
ဖြစ်ခဲ့တော့တာပါပဲ ဘာတွေဆက်ဖြစ်မလဲသိ 

download



Beneath Us All (2023)

Beneath Us All (2023)



Beneath Us All (2023)

နယ်မြို့လေးက တောအုပ်လေးနားမှာ မိသားစုဝင်တွေအများကြီးနဲ့ အိမ်ကြီးတစ်အိမ်ရှိပါတယ်။ အဲဒီအိမ်က လင်မယားက ကလေးတွေကို ခေါ်ယူမွေးစားထားပြီး သူတို့အရွယ်ရောက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အထိ စောင့်ရှောက်ထားပေးကြတာပေါ့လေ။ အဲဒီကလေးတွေထဲ မကြာခင် ၁၈ နှစ်ပြည့်တော့မဲ့ ကောင်မလေး ဂျူလီလည်း အပါအဝင်ပေါ့။ ဟိုမရောက် ဒီမရောက်အရွယ်မို့ မွေးစားမိဘတွေနဲ့လည်း သိပ်အကြောမတည့်လှဘဲ တစ်ခုခုဆို ကလန်ကဆန်လုပ်ချင်တာမို့ မွေးစားမိဘနှစ်ပါးကလည်း သူ့ကိုမြန်မြန်ထွက်သွားစေချင်နေတာပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဂျူလီက တောအုပ်ထဲမှာ ဒဏ်ရာရနေတဲ့ လူတစ်ယောက်တွေ့ခဲ့ပါတယ်။ ပုံမှန်နဲ့မတူဘဲ ထူးခြားနေတဲ့ အဲဒီလူကို သိချင်စိတ်ပြင်းပြတဲ့ လူကြီးမဖြစ်တဖြစ် ဂျူလီတစ်ယောက် စူးစမ်းလိုစိတ်နဲ့ ဘယ်သူမှမသိအောင် ကယ်တင်ထားခဲ့ပြီးနောက်မှာတော့ ထင်မှတ်မထားတာတွေ ဖြစ်ပျက်ခဲ့ပါတော့တယ်။ဂျူလီထူးခြားနေတာတွေကို သတိထားမိတဲ့သူက သူ့ရဲ့မွေးစားမိဘတွေမဟုတ်ဘဲ သူတို့နယ်ကို အသစ်ပြောင်းလာတဲ့ လူမူဝန်ထမ်းအမျိုးသမီး ရေဗက်ကာပါ။ အနိုင်ကျင့်ခံရတဲ့ပုံစံလိုမျိုး ဂျူလီ့ရဲ့
                               
                            download

I Did It My Way 2024

I Did It My Way 2024


I Did It My Way 2024 
---------------

Andy Lau, Eddie Peng တို့လိုနာမည်ကြီးဟောင်ကောင်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ အက်ရှင်ကားအသစ်စက်စက်ကြီး ရပါပြီ။

နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဟာ ယခင်ကမကြုံခဲ့ဖူးတဲ့ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရပြီး နက်နဲပြီးရှုပ်ထွေးတဲ့ အွန်လိုင်းမှောင်ခိုဈေးကွက်တွေကတစ်ဆင့် မမြင်နိုင်တဲ့စစ်ပွဲတစ်ခုဟာ ဟောင်ကောင်မြို့ကြီးမှာ ဖြစ်ပွားလျက်ရှိပါတယ်

တိုင်ဖွန်းသတိပေးချက်သတင်း ထုတ်လွှင့်ခဲ့ပြီးနောက် မှောင်ခိုဝက်ဘ်ဆိုဒ်ပေါ်မှာ ရောင်းချဖို့ အဆင်သင့်ဖြစ်နေတဲ့ စိတ်ကြွဆေးလေးတန်ဟာ လေပြင်းမုန်တိုင်းရဲ့ အကာအကွယ်နဲ့ ဟောင်ကောင်မြို့ထဲကို ဝင်ရောက်လာခဲ့‌ပေမဲ့ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားခဲ့ပါတယ်

အဖြစ်အပျက်အားလုံးရဲ့ နောက်ကွယ်မှာတော့ ဘယ်သူမှထင်မထားတဲ့ Lin Zhe Nan ဆိုသူရှိနေပါတယ်

အွန်လိုင်းမှောင်ခို ဖောက်ကားရောင်းဝယ်မှုကြောင့် အရင်းနှီးဆုံးညီအကိုနဲ့ အချစ်ဆုံးဇနီးသည်ကို တစ်ယောက်ပြီးတစ်ယောက် ဆုံးရှူံးလိုက်တဲ့ Lin Zhe Nan ဟာ လုံးဝကို ရူးသွပ်သွားခဲ့ပြီး တစ်လောကလုံးကို ပြန်ပေးဆပ်ခိုင်းဖို့ သူ့နည်းလမ်းအတိုင်း တုန့်ပြန်ခန်းကို စတင်လိုက်ပါတယ် ...

download

Tee Yod / Death Whisperer (2024)

Tee Yod / Death Whisperer (2024)


 

download 


Tee Yod / Death Whisperer (2024)


မင်းသားကြီး Nadech ပါဝင်ထားတဲ့ နာမည်ကြီး ထိုင်းသရဲကားလေး ရပါပြီနော်။ဇာတ်လးမ်ကတော့ ကန်ချနာဘူရီမြို့က ရွာငယ်လေးမှာ အမျိုးသမီးငယ်လေးတွေကအတော်လေးရက်စက်ပြီး ထူးဆန်းတဲ့ပုံစံတွေနဲ့ သေဆုံးကုန်ကြပါတယ်။ ဒါပေမဲ့ ဘာကြောင့်သေတယ်ဆိုတာကိုတော့ ဘယ်သူမှ သေချာမသိကြပါဘူး။ အောက်လမ်းလိုလို နတ်ဆိုးလိုလိုနဲ့ အမှုမဲ့အမှတ်မဲ့နေကြတာပေါ့။ဒီရွာလေးမှာ သမီး ၃ ယောက် သား ၃ ယောက်ရှိတဲ့ လယ်သမား ထိုင်းတရုတ်ကပြားမိသားစုတစ်စု နေထိုင်ကြပါတယ်။ဒီလိုနဲ့ ညီအစ်မ ၃ ယောက် ကျောင်းအပြန်နောက်ကျလို့ အိမ်ပြန်ရင်း ကျောချမ်းဖွယ်သစ်ပင်ကြီးအောက်က ထူးဆန်းတဲ့မိန်းမကြီးကိုမြင်ရာကနေ ကြမ္မာဆိုးဝင်ဖို့ဖြစ်လာပါတယ်။ အဲဒီတုန်းကတော့ ညီအစ်မ ၃ ယောက်သား ခပ်သုတ်သုတ် အိမ်ပြန်ပြေးလာပေမဲ့ ဒုတိယအကြိမ် ဒီမိန်းမကြီးကို ပွဲဈေးမှာ ထပ်တွေ့အပြီးမှာတော့ အမြဲချူချာတတ်တဲ့ယမ်က တရှောင်ရှောင်ဖြစ်လာပြီး ပုံမှန်မဟုတ်တဲ့လက္ခဏာတွေလိုလို သရဲပူးသလိုလိုတွေ ဖြစ်လာတဲ့အခါ...အပြာရောင်စာတန်းကိုနှိပ့်ကြည့်ကြပါအရင် နှိပ့်ပါ  ချန်နယ်လင့်ဇာတ်ကားလင့်  နှိပ့်ပါ